အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှလူငယ်ခေါင်းဆောင်များအစီအစဉ် (Professional level) အတွက် ၂၀၂၀ ခုနှစ်ထဲက သွားရမယ့် ခရီးစဉ်က ကိုးဗစ်နဲ့ နောက်ရွေ့ခဲ့ရရင်း ၂၀၂၃ မှာ သွားရမှာမို့ တက်ကြွပြောရွှင်စွာနဲ့ လစ္စဘွန်း လေဆိပ်ကို မနက် ၁၀ အရောက် check in လုပ်ရန်ရောက်ခဲ့ချိန် United Airlines ကောင်တာ ရောက်တော့ ကိုယ်စီးရမယ့် လစ္စဘွန်း-ဝါရှင်တန် (၈ နာရီကြာ) ခရီးစဉ်က ဖျက်သိမ်းဖြစ်တာမို့ မနက်ဖြန်လေယာဉ်နဲ့မှ လိုက်ပါတဲ့။
လစ္စဘွန်းမှာ တစ်ရက်တာ အတွက် နေစရာ စီစဉ်ပေးပါမယ်တဲ့။ အရမ်းပျှော်နေတဲ့ အချိန်ကြားလိုက်ရတာက ဒေါသထွက်စရာမို့ စိတ်ကလည်း တိုသွားပြီး ဟာ မရဘူး၊ မနက်ဖန် မနက် ၉ နာရီ ငါ အစည်းအဝေးတက်ရမှာ ဒီနေ့ည ဝါရှင်တန်ရောက်မှ ရမှာလို့ ဒီနေ့ အတွက် တခြားလေယာဉ် မရှိဘူးလာဆိုပီး မေးတော့ United Airlines က ဒီနေ့ အတွက် ဝါရှင်တန် သွားမယ့်လေယာဉ်တွေ အကုန်ပြည့်နေပါပြီတဲ့။ အကယ်၍ မဖြစ်မနေ ဒီနေ့ ရောက်မှ ရမယ်ဆို ပေါ်တူဂီလေကြောင်း နဲ့ အဆင်ပြေမလားတဲ့။
ကိုယ်ကလည်း ရတယ် ဘာလေယာဉ်ဖြစ်ဖြစ် ဒီည ရောက်ဖို့ မှီရင်ရပီလို။ ပေါ်တူဂီလေကြောင်းရဲ့ ဝါရှင်တန် ခရီးစဉ်တွေ သူတို့ ကြည့်တော့လည်း အကုန်ပြည့်နေပီတဲ့။ ဒီနေ့ အတွက် မဖြစ်မနေဆို လစ္စဘွန်းကနေ လန်ဒန် အာ့ကနေ immigration ဖြတ် ပြီး လန်ဒန်-ဝါရှင်တန် လေဆိပ်ပြောင်းစီးမယ် ဆိုရင်တော့ ရနိုင်မယ် တစ်ခု ရှိတယ်တဲ့။ အာ့ဒီ လမ်းကြောင်းကြ ကိုယ်က အဆင်မပြေလေ၊ မြန်မာ passport က England ကို ဗီဇာ မပါပဲ ဝင်မရဘူးမလား။ US ဘက်က တာဝန်ရှိသူကို ဖုန်းဆက်တော့လည်း သူတို့ဆီမှာက မိုးမလင်းသေးတာမို့ ဖုန်းမကိုင်ကြ။ ကိုယ်လည်း အကြံတစ်ခု ရပီး လန်ဒန် မဟုတ်ပဲ နယူးယောက်ဆိုရင်ရော transit အဆင်ပြေမလားလို့
မေးကြည့်လိုက်တော့ သူတို့ရှာကြည့်ပြီး ပြန်ပြောတာက လစ္စဘွန်းကနေ နယူ ယောက် JFK လေဆိပ်ခရီးစဉ်တွေက လည်း အကုန်ပြည့်နေပါပီတဲ့။ ကိုယ်ကလည်း လုပ်ချင်တာကို ချက်ခြင်းရမှ ကျေနပ်တဲ့သူ ဆိုတော့ သူ့ကို ပြန်မငြင်းသေးပဲ ကိုယ်ဘာသာ Google ခေါက်ပြီး လစ္စဘွန်း-နယူးယောက် ခရီးစဉ် ရှာကြည့်တာပေါ့လေ။
ကံကောင်းစွာနဲ့ ကိုယ်က တွေ့တဲ့ ခရီးစဉ် လမ်းကြောင်းကို သူတို့ကို ပြလိုက်တော့ လစ္စဘွန်း-နယူးယောက် Newark လေဆိပ်တဲ့။
နယူးယောက် Newark မှာ transit လုပ်ပြီး ဝါရှင်တန် ကို ထပ်စီးရမယ့် လေယာဉ်က လေဆိပ်မတူဘူးတဲ့။ ကျွန်တော် google က ပြတဲ့ လမ်းကြောင်းက နယူးယောက် La Guardia ကနေ ဝါရှင်တန် Ronald Reagan လေဆိပ်ကို ထပ်စီးရမှာပေါ့လေ။
မဖြစ်မနေ ဒီလမ်းကြောင်းကို စီးချင်ပါတယ်ရင်တော့ Newark လေဆိပ် ကနေ La Guardia လေဆိပ်ကို ကားနဲ့ တဆင့်ကူးဖို့ သူတို့ ကားစီစဉ်ဖို့ လှမ်းပြောထားပေးမယ်ပေါ့လေ။ ကိုက လည်း Google ခေါက်ကြည့်တော့ Newark ကနေ La Guardia ကို သွားမယ်ဆို မြို့လည်က ဖြတ်ရမှာမို့ Time Square တို့ Emperor State Building တို့ လည်ဖို့ အခွင့်အရေးပဲ ဆိုပီး တွေးလိုက်ပီး အင်း အာ့လမ်းကြောင်းပဲ လမ်းမှတ် ဖြတ်လိုက်တော့လို့ ပြောလိုက်တာ။ Newark ကနေ La Guardia ကို ကူးတဲ့ အချိန် taxi ကို Time Square မှာ ဆင်းပီး ခဏ လည် ပီးမှ အာ့ကနေ ထပ်စီးဖို့ ဆိုရင်ရော အဆင်ပြေမလားလို့ ကိုယ်ကလည်း အစစ်တောင်းကြည့်လိုက်သေးတာ။ အာ့လိုတော့ အဆင်မပြေဘူးတဲ့ သူတို့ taxi ကို တစ်ခါပဲ ဌားပေးနိုင်မယ်တဲ့ လေဆိပ် ၂ ခု တစ်ခါတည်း ကူးပေါ့လေ။
ကြားထဲ transit အချိန်က ၆ နာရီလောက်ရတော့ ကိုယ်က လည်း ကိုယ်ရဲ့ မူလခရီးစဉ်ထဲ နယူးယောက် မပါတဲ့ ကြားကနေ ခု နယူးယောက်ကို ရောက်ပီးခါမှ Time Square မသွားရရင် ငါတော့ အသုံးမကျတဲ့ ကောင်ဖြစ်တော့မှာပဲ ဆိုပီး ရတဲ့ ကွာ သူတို့ ကားက Time Squareကို မရပ်ပေးဘူးဆို ကိုယ်ဘာသာ ရထားနဲ့ Time Square ကို သွား ပီးမှ အာ့ကနေ လည်ပီးမှ La Guardia ကို ရထားနဲ့ ထပ်ကူးမယ်ကွာ ဆိုပီး အကွက်ချလိုက်တာပေါ့လေ။ နောက်ဆုံးတော့ နယူးယောက်ကို ဝင်ချင်တဲ့ ကိုယ်ဆန္ဒပြည့်သွားပြီး လစ္စဘွန်းကနေ နယူးယောက် Newark ကို စီးရပီးပေါ့လေ။ ကြားထဲ လေယာဉ်မထွက်ခင် ဖြစ်ကြောင်းကုန်စဉ်ကို ရန်ကုန်က အဖေကို ပြောပြလိုက်သေးတာ အဖေက သားရေ ဖြစ်ပါ့မလားတဲ့၊ နယူးယောက်ကို တစ်ခါမှ ရောက်ဖူးတာလည်း မဟုတ်၊ လေယာဉ်စိုက်မှာကလည်း ည ၁၂ နာရီ ကီလို ၃၀ ခရီးဆောင်အိတ်တွေရော ကျောပိုးအိတ်ထဲ Laptop တွေရော တစ်ခုခု အန္တရာယ် ဖြစ်ကုန်မှ ဒုက္ခရောက်မယ်ပေါ့လေ။ ရတယ် ပါပါ စိတ်မပူနဲ့ သားသား ကြည့်လုပ်လိုက်မယ်ပေါ့လေ။ အာ့ဒါဆိုလည်း နယူးယောက် ရောက်တာနဲ့ ဖုန်းကဒ်ဝယ်ပီး သူဆီ ဖုန်းခေါ်ပေါ့လေ၊ သူစိတ်ပူနေမယ် ဆိုပီး အဖေကတော့ မှာနေသေးတယ်။
ကိုယ်ကလည်း နယူးယောက်ကို မသိရင် လမ်းထိပ်က မုန့်ဆိုင်သွားသလိုကို လုပ်ပစ်တာ အမေရိကသွားတာကို ဒေါ်လာ ဆိုလို ၁ ဒေါ်လာတောင် အရွက်မပါဘူး။
စိတ်ထဲတော့ အမယ် ငါက Europe က လာတာ apple watch နဲ့ ပေးလိုက်ရင် ရမှာပဲ ဆိုတဲ့ အတွေးပေါ့လေ။ လစ္စဘွန်းမှာဆို Metro တွေက apple watch နဲ့ တန်းပေးလို့ ရနေပီမလားလေ။ Newark လေဆိပ်ကနေ အထုပ်တွေဆွဲ ဖုန်းကဒ်ဝယ်ပီး Time Square ကို သွားမယ့် လမ်းကြည့်တော့ လေဆိပ်ကနေ ကားတဆင့်စီးမှ ရထားစီးရမယ့်နေရာ ကို ရောက်မှာတဲ့။ အာ့နဲ့ ကားမှတ်တိုင်သွား၊ ကားလာတော့ ကားပေါ်တက်တော့ Apple pay နဲ့ မရဘူးတဲ့ ကားကဒ်ရှိမှ ဒါမှ မဟုတ် cash ပေးမှ ရမယ်တဲ့။
ဟိုက် ကိုယ်မှာ ဒေါ်လာ ဆိုလို့ ၁ ဒေါ်လာ အရွက်တောင် မပါလာဘူး။ အိုကေ အာ့ဆိုလည်း ငါ ပြန်ဆင်းလိုက်ဦးမယ်၊ ATM မှာ အရွက်ထုတ်ပီး ပြန်လာမယ် ခဏစောင့်လို့ရမလား မေးနေတုန်းပဲ၊ bus ပေါ်မှာ အိမ်ပြန်ဖို့ ထိုင်နေတဲ့ လေယာဉ်မယ်က ရတဲ့ သူ့အစား ငါ စိုက်ပေးလိုက်မယ်တဲ့ သူမှာ အထုပ်တွေ အများကြီးနဲ့ ATM ကို သွားရင် အဆင်မပြေဖြစ်နေမယ် ဆိုပီးပေါ့။ ဒီလိုနဲ့ ကားထွက်တော့ ကိုယ်လဲ ကားလက်မှတ်ဖို့ Apple pay နဲ့ ပြန်လွှဲပေးမယ်ဆိုပီး သူဆီက မေးတော့ ရတယ် နယူးယောက်က ကြိုဆိုပါတယ်၊ ပြန်မပေးနဲ့တော့ ရတယ်တဲ့။
ကိုလည်း ပြုံးဖြီးလုပ်ပြပြီး ကျေးဇူးတင်ပါတယ်ပေါ့လေ။ အာ့ကနေ ရထားဘူတာရောက်တော့ဆင်း၊ စီးရမယ့် ရထားကို လိုက်ရှာတာ နယူးယောက် ရထားကလည်း ရှုပ်တော့ မနည်းရှာလိုက်ရသေးတာ။ နောက်ဆုံး စီးရမယ့်နေရာ ရောက်တဲ့အချိန်ကြ စင်္ကြန်ထိ ဘာမှ အတားအစီး မရှိဘူး ငွေပေးစရာ ရှာမတွေးဘူးပေါ့လေ။ အာ့ဒီလိုနဲ့ ရပ်နေတဲ့ အာဖရိကနွယ်ဖွား တစ်ဦးကိုကို တွေ့တော့ Hi bro ငါ လက်မှတ်ဖိုး ငွေက ဘယ်လို ပေးရမလဲပေါ့ ဆိုတော့၊ ကဒ်အရင်ဝယ် ပီးမှ ကဒ်ထဲ ငွေဖြည့်ရမှာတဲ့။ အာ့နဲ့ ကဒ်ဝယ်ဖို့ လုပ်နေတုန်းပဲ ရထားက ရောက်လာပါလေရော။ ရထားလာနေပီ ရထားစိုက်မှ ရထားပေါ်က လက်မှတ်စစ်ကို မင်း cash နဲ့ ပေးလိုက်လည်း ရတယ်တဲ့။ ဟိုက်လာပြန်ပီ cash ကိုယ်ကလည်း ၁ ဒေါ်လာတောင် အရွက် မပါ ဘူးဆိုနေမှ။ အာ့လိုနဲ့ ရထားက စိုက်တော့ ဟိုဘဲက လက်မှတ်စစ်ကို ပြောပါလေရော၊ သူမှာ cash လည်း မထုတ်ထား၊ ရထားကဒ်ကလည်း မဝယ်ရသေးဘူးပေါ့၊ ဝယ်ဖို့ လုပ်နေတုန်း ရထားစိုက်လာတာဆိုပီး၊ လက်မှတ်စစ်ကလည်း ကိုက ကီလို ၃၀ အိတ်ရော ကျောပိုအိတ်တွေရောနဲ့ မို့ ထင်ပါရဲ့ ရတယ် တက်တက်တဲ့ လက်မှတ်ဖိုး မပေးနဲ့တော့တဲ့။
အာ့လို့နဲ့ Newark airport ကနေ Time Square ကို ၁ ဒေါ်လာတောင် မကုန်ပဲ ရောက်သွားတယ်ပေါ့လေ။ Time Square ရောက်တော့ အဖေဆီ ဖုန်းဆက် စိတ်မပူနဲ့ အဆင်ပြေပြေ ရောက်လာပီပေါ့လေ။ ပီးတော့ ည ၂ နာရီလောက် ကြီး Time Square ကနေ hot dog လေး ဝယ်စားရင်း live လွှင့်လိုက်သေးတာ Facebook မှာ၊
နယူးယောက် မြိုလည်ခေါင်မှာ အထုပ်တွေဆွဲ တစ်ယောက်တည်း ဟို နေရာ ဓာတ်ပုံရိုက် ဒီနေရာ ဓာတ်ပုံရိုက်ပေါ့လေ။ အဖေကတော့ တောက်လျှောက်ဖုန်းဆက်နေတာ အဆင်ပြေလား နောက်လေဆိပ်ကို ဆက်သွားရဦးမယ် အချိန်ကို ဂရုစိုက်ဘာညာဆိုပီးပေါ့လေ။ နယူးယောက်မြို့လည်ခေါင်မှာ မနက် ၄ ခွဲလောက်ထိ ပတ်ပြီးမှ La Guardia ကို သွားဖို့ Metro စီးတော့မှာပဲ Apple pay နဲ့ ပေးလို့ရတော့တယ်။ သူက New Jersey ဘက်က bus နဲ့ ရထားနဲ့က Apple pay နဲ့ ပေးမရပဲ New York မြို့ထဲက metro ပဲ apple pay နဲ့ ငွေရှင်းလို့ရမှန်း သိသွားတာ။ အာ့ကနေ တဆင့် metro က ထွက်တော့ La Guardia ကို သွားဖို့က ကားထပ်စီးရဦးမှာ၊ ကံကောင်းချင်တော့ လေဆိပ် က free shuttle bus ရှိတော့ shuttle bus ပေါ်တက် သွားပီး La Guardia ရောက်တော့မှ လေဆိပ် terminal မှားဆင်း မိပါလေရော။
ကိုယ်ဆင်းလိုက်တဲ့ terminal က Delta Airlines ရဲ့ terminal၊ ကိုယ်စီးရမှာက American Airlines တော်သေးတာပေါ့၊ လစ္စဘွန်းက ထွက်ကတည်းက ပွဲခံခဲ့သမျှ အမှားအယွင်းမရှိပဲ၊ La Guardia ရောက်မှာ မှားလို့သာ အာ့လိုနဲ့ ကားပေါ် ပြန်တက် American Airlines ရဲ့ terminal ကို ရောက် ဝါရှင်တန် Ronald Reagan လေဆိပ်ကို ထွက်ခါနီးကြမှာ အဖေ့ကို ဖုန်းတစ်ခါ ပြန်ဆက်ပေါ့လေ။ ပါပါ စိတ်မပူနေနဲ့တော့ အကုန် အဆင်ပြေတယ်ပေါ့လေ၊ ခု ဝါရှင်တန် ကို လေယာဉ် စီးတော့မယ် ဆိုပီး။
အာ့လိုနဲ့ မနက် ၈ ခွဲ ဝါရှင်တန်ရောက် Uber နဲ့ ဟိုတယ်ရောက်တော့ မနက် ၉ နာရီ ထိုးနေပီ။ ကိုယ်နဲ့ အတူ ဖွင့်ပွဲ သွားကြမယ့် သူငယ်ချင်းတွေက ညထဲက ရောက်ကြပီး အခမ်းအနားကို သွားကြဖို့ ဂိတ်ဝမှာ ကိုယ်က တစ်ညလုံးလည်း မအိပ်ပဲ နယူးယောက်မှာ သောင်းကျန်းထားပီး ခုမှ ရောက် ဟိုတယ် ခန်းထဲ အမြန်ဝင် ရေချိုးပီး မနက် ၉ ခွဲစတဲ့ YSEALI Professional Fellowship အခမ်းအနားကို သူတို့နဲ့ အတူ တက်လိုက်သေးတာ ။ ကဲ နယူးယောက်သွားတောလားပေါ့လေ။
တင်သျှိုင်းအောင်သည် လစ္စဘွန်းတက္ကသိုလ် ITI မှ သုတေသီတစ်ဦးဖြစ်ဦး လက်ရှိတွင် ၂၀၂၄ ခုနှစ် အရှေ့တောင်အာရှလူငယ်ခေါင်းဆောင်မှု အစီအစဥ် ၏ ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီသောဖွံ့ဖြိုးတိုးမှုခေါင်းစဥ်အောက်မှ အကြီးတန်း Fellow များအား လမ်းညွှန်းပေးလျှက်ရှိပါသည်။
“ရေရှည်တည်တံ့ရေးလှုံ့ဆော်ရင်းအနာဂတ်ကိုတည်ဆောက်ကြစို့”
ယခုဆောင်းပါးတွင် ဖော်ပြထားမှုများသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး ရွှေတောင်သာဂသူစင်တာ၏ အာဘော်မဟုတ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။ ဆက်သွယ်ရန်။ sabaitimes@shwetaungthagathu.com




