ဂျပန်နိုင်ငံရဲ့ လုပ်သားလိုအပ်ချက်က မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းဖြစ်နိုင်မလား
အဉ္ဇာခိုင်သိန်း
ကုလသမဂ္ဂရဲ့ ရှေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီမှုဆိုင်ရာမျှော်မှန်းချက် (၂၀၁၅-၂၀၃၀) ၁၇ ချက်အနက် နံပတ် ၈ အချက်ဖြစ်တဲ့ SDG 8 က တော့ စီပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးပဲ ဖြစ်ပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းထဲက အားလုံးသိကြတဲ့အတိုင်းဘဲ တဖြေးဖြေး အလုပ်အကိုင်အခွင့်လမ်းတွေလျော့ပါးလာနေပါတယ်။
နိုင်ငံခြားကုမ္ပဏီအများစုကလည်း မြန်မာနိုင်ငံမှ ထွက်ခွါသွားတာရယ် ပြည်တွင်းစီးပွါးရေးကျဆင်းလာမှုတွေရယ်ကြောင့် လူငယ်တွေအတွက် ရွေးချယ်စရာ တနေ့ထက်တနေ့ နည်းပါးလာပြီး အလုပ်အကိုင်ရှားပါးမှု ပြသာနာက မြန်မာလူငယ်ထုကြား အဓိကပြသနာတစ်ရပ်အဖြစ် ပိုမိုဆိုးရွားလာနေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ တချို့လည်းကျောင်းပြန်တတ်ကြပေမယ့်အများစုက ကျောင်းတွေ တက္ကသိုလ်တွေရပ်နားလိုက်ကြပြီး ပညာတပိုင်းတစနဲ့ ပြည်တွင်းမှာအလုပ်အကိုင်ရှာဖို့ခက်ခဲလာကြပါတယ်။ အဲ့ဒီလို လူငယ်တွေရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အလဟာသမဖြစ်အောင် တစ်နည်းအားဖြင့် လူငယ်တွေအတွက် အနာဂတ်မပျောက်အောင် ရွေးချယ်စရာတွေ ရှာဖွေဖန်တီးပေးနိုင်ဖို့ ကျွန်မတို့တွေ့ စဥ်စားကြဖို့လိုပါတယ်။
တစ်ဖက်မှာတော့ ဂျပန်နိုင်ငံမှာဆိုရင် သက်ကြီးရွယ်အိုတွေများလာပြီး လုပ်သားအင်အားလိုအပ်မှုတိုးပွားလာနေပါတယ်။ အဲ့ဒါကြောင့် ဂျပန်နိုင်ငံရဲ့ လိုအပ်ချက်ကို မြန်မာလူငယ်တွေရဲ့ လိုအပ်ချက်နဲ့ သာပေါင်းစပ်လိုက်ရင် တဖက်က လုပ်သားအင်အားကိုလည်းဖြည့်ဆည်းပေးနိုင်သလို တဖက်က အလုပ်အကိုင်အခွင့်လမ်း လိုအပ်ချက်ကိုလည်းဖြည့်ဆည်းပေးနိုင်မယ်လို့ သုံးသပ်ရပါတယ်။ အဲ့ဒါကြောင့် ဒီဆောင်းပါးမှာ ဂျပန်မှာအလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေနဲ့ နိုင်ငံခြားသားတွေကို အလုပ်ခန့်မှုများတဲ့လုပ်ငန်းတွေအကြောင်းကို အဓိကဆွေးနွေးတင်ပြပေးသွားပါမယ်။
ကနဦးအနေနဲ့ ပြောရမယ်ဆိုရင် လူတော်တော်က ဂျပန်မှာ အလုပ်အကိုင်ရဖို့ခက်တယ်လို့ပဲ သိထားကြပေမယ့် ခုနောက်ပိုင်းမှာ ဂျပန်မှာလည်း လုပ်သားအင်အားမလုံလောက်မှုပြသာနာကကြီးထွားလာလျှက်ရှိနေတာမို့ ဂျပန်နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးဌာနကနေ ၂၀၁၉ခုနှစ်မှာ မူဝါဒအသစ်ချမှတ်ပြီး ကျွမ်းကျင်လုပ်သားဗီဇာနဲ့ နိုင်ငံခြားသားတွေကို အလုပ်အကိုင်အခွင့်လမ်းအတွက် လမ်းကြောင်းဖွင့်ပေးခဲ့ပါတယ်။ အဲ့ဒီမူဝါဒအသစ်ဟာဆိုရင် အဓိကအားဖြင့် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာ၊ ထိုင်း စတဲ့နိုင်ငံတွေအတွက် ရည်ရွယ်ထားတာလိုတောင်ပြောနိုင်ပါတယ်။
အသေးစိတ်ပြောရမယ်ဆိုရင် ကျွမ်းကျင်လုပ်သားဗီဇာမှာဆို နယ်ပယ် ၁၄ မျိုးရှိပါတယ်။
အစကနဦး၂၀၁၉ ခုနှစ်မှာ ထုတ်ပေးခဲ့တုန်းက လုပ်ငန်းနယ်ပယ် ၁၂ မျိုး အထိသာရှိခဲ့ပေမဲ့ အခု ၂၀၂၄ခုနှစ်မှာတော့ နောက်ထပ် လုပ်ငန်းနယ်ပယ် ၄မျိုး ထပ်မံတိုးချဲ့ပေးခဲ့ပါတယ်။
အဆိုပါလုပ်များဟာ ဘာလုပ်ငန်းတွေလဲဆိုရင်ဖြင့်
(၁) သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး။
(၂) အဆောက်အဦးသန့်ရှင်းရေး။
(၃) ပစ္စည်းများ/စက်မှုပစ္စည်းများ/လျှပ်စစ်၊ အီလက်ထရွန်းနစ်နှင့် သတင်းအချက်အလက် ဆက်စပ်ကုန်ထုတ်လုပ်ငန်း။
(၄) ဆောက်လုပ်ရေးလုပ်ငန်း။
(၅) သင်္ဘောတည်ဆောက်ရေး/ရေကြောင်းလုပ်ငန်း။
(၆) ကားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း။
(၇) လေကြောင်းလုပ်ငန်း။ (လေယာဉ်မြေပြင်ကိုင်တွယ်ခြင်း၊ လေယာဉ်ထိန်းသိမ်းခြင်း)
(၈) ဟိုတယ်လုပ်ငန်း။
(၉) စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်း။
(၁၀) ငါးဖမ်းလုပ်ငန်း။
(၁၁) စားသောက်ကုန်ထုတ်လုပ်ငန်း။
(၁၂) စားသောက်ဆိုင်လုပ်ငန်း။
ထပ်မံတို့းချဲ့ပေးထားသောလုပ်ငန်း (၄) မျိုးကတော့
(၁၃) ကားသယ်ယူပို့ဆောင်ရေးလုပ်ငန်း။
(၁၄) မီးရထားလုပ်ငန်း။
(၁၅) သစ်တောလုပ်ငန်း။
(၁၆) သစ်လုပ်ငန်း တို့ပဲ ဖြစ်ပါတယ်။
အဲ့ဒီ့လိုမျိုး လုပ်ငန်းအမျိုးအစားအများကြီးရှိတဲ့အတွက်ကြောင့် မိမိကျွမ်းကျင်ရာ ဝါသနာပါရာလုပ်ငန်းနဲ့ပတ်သတ်တဲ့ ကျွမ်းကျင်စာမေးပွဲ ကိုဖြေဆိုပြီးအောင်လက်မှတ်သာတင်ပြနိုင်မယ်ဆိုရင်ဖြင့် မိမိစိတ်ဝင်စားတဲ့ လုပ်ငန်းပိုင်းကို စိတ်ကြိုက်ရွေးချယ်လုပ်ကိုင်ခွင့်ရနိုင်ပါတယ်။
အခုလောလောဆယ် ဒီလုပ်ငန်း ၁၆ မျိုးထဲက မြန်မာမှာ စာမေးပွဲဖြေဆိုလို့ရတဲ့လုပ်ငန်းတွေကတော့ (၁) စားသောက်ဆိုင်လုပ်ငန်း၊ (၂) စားသောက်ကုန်ထုတ်လုပ်ငန်း၊ (၃) စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ (၄) သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ (၅) ဆောက်လုပ်ရေးလုပ်ငန်း၊ (၆) အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း၊ (၇) ဟိုတယ်လုပ်ငန်း တိုပဲဖြစ်ပါတယ်။
နောက်ပြီး အဆိုပါစာမေးပွဲများအနက် စားသောက်ဆိုင်လုပ်ငန်းနဲ့ စားသာက်ကုန်ထုတ်လုပ်ရေးငန်းကလွဲပြီး ကျန်ရှိတဲ့စာမေးပွဲတွေက မြန်မာဘာသာဖြင့် ဖြေဆိုလို့ရတာမို့ ဂျပန်ဘာသာစကားတတ်ကျွမ်းမှုအဆင့်မြင့်မှ အောင်မြင်နိုင်မယ့် စာမေးပွဲမျိုးတွေမဟုတ်ပါဘူး။
ဒါ့အပြင် အဆိုပါအထူးကျွမ်းကျင်လုပ်သားဗီဇာနဲ့ ဂျပန်ကိုလာဖို့အတွက် တခြားပညာအရည်ချင်းလည်းဘာမှမလိုအပ်ပါဘူး။ အဲ့ဒါကြောင့် ပညာရေးတပိုင်းတစနဲ့လူငယ်တွေအတွက်လည်း အခွင့်အရေးရှိပါတယ် လို့ပြောလို့ရပါတယ်။
ဂျပန်ဘာသာအရည်အချင်းအနေနဲ့လည်း JLPT N4 သို့မဟုတ် JFT စာမေးပွဲအောင်ရုံနဲ့တင် အဆင်ပြေနိုင်တာမို့ လူငယ်တွေအနေနဲ့ ကိုယ်ဝါသနာပါတဲ့လုပ်ငန်းနယ်ပယ်ကိုကြိုတင်ရွေးချယ်ပြီးစာမေးပွဲဖြေဆိုထားမယ်ဆိုရင် ဂျပန်မှာ အလုပ်လာလုပ်ဖို့ လွယ်ကူလျှင်မြန်နိုင်ပါတယ်။
ဒီ အထူးကျွမ်းကျင်လုပ်သားဗီဇာရဲ့အားသာချက်က ဂျပန်ရောက်ပြီး လုပ်ငန်းမှာတစ်စုံတစ်ရာအဆင်မပြေဘူး၊ အလုပ်ထဲက လူတွေနှင့် ဆက်ဆံရတာအခက်ခဲရှိတယ်ဆိုလည်း အလွယ်တကူ အလုပ်သစ် ပြောင်းလဲလုပ်ကိုင်လို့လည်းရပါတယ်။ စာချုပ်နဲ့မို့ ပြန်လျှော်ရတာမျိုးတွေ စာချုပ်ပြည့်အောင်လုပ်ရတာမျိုး စတဲ့ သတ်မှတ်ချက်တွေလည်း မရှိပါဘူး။
နောက်ပြီး ပုံမှန်အားဖြင့်တော့ အထူးကျွမ်းကျင်လုပ်သားဗီဇာမှာ အမှတ်(၁)နဲ့ (၂) ရှိပြီး
အမှတ်(၁)နဲ့ဆို ဂျပန်မှာ ၅နှစ်နေထိုင်ခွင့်ရပါတယ်။ ပြီးရင်တော့ အမှတ်(၂)ပြောင်းဖို့ လိုအပ်တဲ့စာမေးပွဲထက်ဖြေပီး အမှတ်(၂) သာအောင်သွားခဲ့ရင် ဂျပန်မှာ အကန့်သတ်မရှိ ဗီဇာသက်တမ်းတိုးပြီး ဆက်လက်နေထိုင်ခွင့်ရပါပြီ။
နောက်ထပ် ဂျပန်မှာ နည်းပညာရှင်တွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း အရမ်းများပါတယ်။
အထူးသဖြင့် အိုင်တီ၊အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာတွေအတွက်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းပေါ်များပါတယ်။
ဘာကြောင့်လဲ ဆိုရင်တော့ အဓိက ဂျပန်မှာ ကလေးမွေးဖွားမှုနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုတွေများလာတဲ့အတွက် လူငယ်အချိုးအစားတဖြေးဖြေးလျော့နည်းလာပါတယ်။ အဆိုပါအတွက်ကြောင့် လုပ်သားအင်အား ပိုမိုလိုအပ်လာတဲ့အတွက် နည်းပညာရှင်တွေလိုအပ်တဲ့လုပ်ငန်းတွေမှာပါ နိုင်ငံခြားသားပညာရှင်တွေကို အလုပ်ခန့်လာကြတာပါ။
ဒါကြောင့် မြန်မာနိုင်ငံက နည်းပညာနဲ့ဘွဲ့ရထားတဲ့သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်လမ်းရှိပါတယ်။ ဒါအပြင်နည်းပညာနဲ့ဘွဲ့ရထားတဲ့သူတွေဆိုရင် ဂျပန်စာလည်း JLPT or NAT Test N4 အဆင့်လောက်ဘဲ လိုအပ်ပါတယ်။
အဲ့ဒါဆိုရင် နည်းပညာဘွဲ့မဟုတ်တဲ့သူတွေအတွက်ရော ဂျပန်မှာအလုပ်ကိုင်အခွင့်လမ်းမရှိတော့ဘူးလား။
မဟုတ်ပါဘူး ရှိပါတယ်။
မြန်မာပြည်က တက္ကသိုလ်တခုခုကနေ ဘွဲ့ရထားပြီး ဂျပန်စာ JLPT or NAT Test N2 အဆင့်သာရှိထားမယ်ဆိုရင် ပညာရှင်အဆင့်ဗီဇာနဲ့ လာလို့ရပါတယ်။
ဘယ်လိုအလုပ်အကိုင်မျိုးတွေလုပ်ရလဲဆိုရင်တော့ ဟိုတယ်လုပ်ငန်း၊ စကားပြန်နဲ့ဘာသာပြန်လုပ်ငန်း၊ အထွေထွေရေးရာလုပ်ငန်းမျိုးတွေမှာ အလုပ်အကိုင်အခွင့်အလမ်းရှိနိုင်ပါတယ်။
ပညာရှင်အဆင့်ဗီဇာရဲ့ အားသာချက်ကလည်း ကျွမ်းကျင်လုပ်သားဗီဇာလိုဘဲ အလုပ်ပြောင်းခွင့်အပြင် အဆင့်မြင့်ဗီဇာလျှောက်ချင်တဲ့သူတွေ၊ အမြဲတမ်းနေထိုင်ခွင့်လျှောက်ချင်သူတွေ နဲ့ ဂျပန်နိုင်ငံသားခံယူချင်သူတွေအတွက်လည်း ပညာရှင်အဆင့်ဗီဇာကနေပြောင်းရင် ပိုမိုလွယ်ကူပါတယ်။
အဲ့ဒါကြောင့် လုပ်သားအင်အားလိုအပ်နေတဲ့ဂျပန်ဟာ အလုပ်အကိုင်အခွင့်လမ်းရှားပါးနေတဲ့ မြန်မာတွေအတွက် တကယ်ကို ရွေးချယ်စရာတစ်ခုပါပဲ။
လက်ရှိမြန်မာပြည်ရဲ့ အခြေအနေမျိုးမှာ ရတဲ့အခွင့်ရေးကို သေချာစုပ်ကိုင်နိုင်ဖို့အတွက် ဂျပန်ဘာသာစကားကိုသာ သေချာပိုင်ပိုင်နိုင်နိုင်လေ့လာထားနိုင်မယ်ဆိုရင် လူငယ်တွေရဲ့ ပျောက်ဆုံးနေတဲ့အိမ်မက်တွေ အကောင်ထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း ဆွေးနွေးတင်ပြမှုကို ဒီလောက်နဲ့ပဲနိဂုံးချုပ်အပ်ပါတယ်။
အဉ္ဇာခိုင်သိန်း သည် လက်ရှိတွင် ဂျပန်နိုင်ငံရှိ နိုင်ငံတကာအလုပ်အကိုင်ရှာဖွေပေးရေးအေဂျင်စီတွင် ဗီဇာပိုင်းဆိုင်ရာ အကြံပေးအနေနဲ့ အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။
“ရေရှည်တည်တံ့ရေးလှုံ့ဆော်ရင်းအနာဂတ်ကိုတည်ဆောက်ကြစို့”
ယခုဆောင်းပါးတွင် ဖော်ပြထားမှုများသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး ရွှေတောင်သာဂသူစင်တာ၏ အာဘော်မဟုတ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။
Help Sustain The Sabai Times - Myanmar’s Voice for Sustainable Development Support The Sabai Times


